မော်လ်ဒိုက်နိုင်ငံ ဒုတိယသမ္မတဟောင်းအား လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်
မော်လ်ဒိုက်နိုင်ငံရဲ့ ဒုတိယသမ္မတဟောင်း အာမက်အဒီ ကို လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးစားမှုတွေမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း တရားရုံးမှ တာဝန်ရှိသူတွေက ဒီနေ့ (အင်္ဂါနေ့) မှာပြောကြားပါတယ်။







