အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ရှိ ဆေးခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားရာ ၁၉ ဦးထက်မနည်း သေဆုံး
အီရန်နိုင်ငံ၏မြို့တော် တီဟီရန်မြို့ မြောက်ပိုင်းခရိုင်ရှိ ဆေးခန်းတစ်ခု၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တီဟီရန်မြို့တော် မီးသတ် အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဂျာလယ် မာလီကီက ပြောကြားခဲ့သည်။







