အမြင့်ဆုံး တရားရုံးရဲ့ ဆုံးဖြတ်ချက်အပြီး ဗြိတိန်ဝန်ကြီးချုပ် လွှတ်တော်ကို ပြန်လည်ရောက်ရှိ

ဗြိတိန်နိုင်ငံရဲ့ အမြင့်ဆုံးဗဟိုတရားရုံးက လွှတ်တော်ရပ်နားခြင်းဟာ တရားမဝင်ဘူးလို့ မနေ့က ဆုံးဖြတ်ချပြီးနောက် ဒီကနေ့ (ဗုဒ္ဓဟူးနေ့)  မနက် ၁၀ နာရီခွဲမှာ အောက်လွှတ်တော် ပြန်လည်စတင်ပြီဖြစ်ပါတယ်။ 
အရှေ့အလယ်ပိုင်း တင်းမာမှုများနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ်နှင့် ဂျော်ဒန်ဘုရင်တို့ဆွေးနွေး
အရှေ့အလယ်ပိုင်း တင်းမာမှုများကို ဖြေလျှော့ရန် သံတမန် နည်းလမ်းဖြင့် အတူလက်တွဲ လုပ်ဆောင်ကြရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဂျော်ဒန်ဘုရင် အဘတ်ဒူဘာတို့က သဘောတူခဲ့ကြောင်း သိရသည်။ 
နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ကာဗွန်ဖယ်ရှားရေး ကတိပြု
နိုင်ငံပေါင်း ၇၇ နိုင်ငံက ၂၀၅၀ တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အပြီးသတ် ဖယ်ရှားနိုင်ရန် ယင်းဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြတ်တောက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု ကုလသမဂ္ဂအကြီးအကဲက ပြောကြားခဲ့သည်။
အာဖဂန် အစိုးရ တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ခြောက်ဦး သေဆုံး၊ ကျေးရွာ ၂၀ ပြန်လည်တိုက်ခိုက် သိမ်းပိုက်
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဂျမန်ပြည်နယ် အလီနီဂါခရိုင်တွင်  အာဖဂန်အစိုးရတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ကျေးရွာ ၂၀ ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
သီရိလင်္ကာနိုင်ငံက အရိုးပေါ် အရေတင် ဆင်မကြီး သေဆုံး
သီရိလင်္ကာနိုင်ငံက အသက် ၇၀ အရွယ်ရှိ အရိုးပေါ် အရေတင် ဆင်မကြီး တီကီရီ သေဆုံးကြောင်း ဒီကနေ့ တာဝန်ရှိသူတွေက ကြေညာပါတယ်။ 
အာမခံကုမ္ပဏီက သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားရာ ဒေသမှ ပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အာမခံပေါ်လစီ တင်သွင်း
သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားနေစဉ်အတွင်း ၎င်းတို့ နေအိမ်များမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် ပြည်သူများကို အားပေးကူညီရန် ရည်ရွယ်သည့် အာမခံပေါ်လစီ တစ်ရပ်ကို တင်သွင်းမည်ဟု အာမခံကုမ္ပဏီ တစ်ခုက ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံတွင် လှေတစ်စင်းနစ်မြုပ် လှေလှော်ကစားသမား ခုနှစ်ဉီး သေဆုံး
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဘိုရာကေးကျွန်း ကမ်းခြေ အပန်းဖြေစခန်း အလွန်တွင် ယနေ့နံနက်ပိုင်းက ဒေသခံ နဂါးလှေအသင်းတစ်သင်းမှ လှေတစ်စင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လူခုနှစ်ဉီး ရေနစ်သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့သည်။