ကဘူးလ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ငါးဦးသေဆုံး ၊ ၁၀ ဦးဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် ယနေ့မနက်ပိုင်းက မီနီဘတ်စ် တစ်စီး ဗုံးပေါက်ကွဲမှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာရတ်ရာဟင်မင် က ပြောကြားခဲ့သည်။