တိုရွန်တို အမျိုးသားဘတ်စကတ်ဘော အောင်ပွဲခံ လူအုပ်ကြီးအတွင်း ပစ်ခတ်မှု ဖြစ်ပွား နှစ်ဦး ဒဏ်ရာရ
တိုရွန်တို ရက်ပ်တာစ် (Toronto Raptors) အမျိုးသားဘတ်စကတ်ဘော အားကစားပွဲ ချန်ပီယံ ဆုရရှိသည့် အောင်ပွဲအထိမ်းအမှတ်ကျင်းပရန် တိုရွန်တိုတွင် လူအုပ်ကြီး စုဝေးနေချိန် လူနှစ်ဦး ပစ်ခတ်ခံခဲ့ရသည်ဟု ကနေဒါ ရဲတပ်ဖွဲ့က ဆိုသည်။