မစ္စစ္စပီပြည်နယ်မှာ လေဆင်နှာမောင်းတိုက်လို့ အနည်းဆုံး ၁၁ ဦး သေဆုံး
အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ မစ္စစ္စပီမှာ ဧပြီ ၁၂ ရက် ညပိုင်းကနေ ဧပြီ ၁၃ ရက်နေ့အထိ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မော်စကို မြို့ခံတွေအတွက် ခရီးသွားခွင့်ကို ဒီဂျစ်တယ်စနစ်သုံးပြီး ခွင့်ပြုမယ်
ရုရှားအစိုးရက ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားရာ ဗဟိုဖြစ်လာတဲ့ မော်စကိုမြို့ရဲ့ အသွားအလာတွေ ပိတ်ပင်လိုက်ပြီး မြို့ခံတွေရဲ့ အသွားအလာကို စောင့်ကြည့်နိုင်တဲ့ ဒီဂျစ်တယ်စနစ်အသုံးပြုပြီး သွားလာခွင့်ကို ကန့်သတ်တော့မှာ ဖြစ်ပါတယ်။
အီကွေဒေါနိုင်ငံက ဗိုင်းရပ်စ်ပျံ့ပွားရာဗဟိုချက်မှ အလောင်း ၈၀၀ နီးပါးကို ရဲတွေက သင်္ဂြိုဟ်ပေးရ
အီကွေဒေါနိုင်ငံ ဂွာရာကွေးမြို့ရှိ နေအိမ်တွေမှ အလောင်း ၈၀၀ ခန့်ကို ရဲတွေက ရွှေ့ပြောင်းပေးခဲ့ရကြောင်း အစိုးရက ပြောပါတယ်။ ဂွာရာကွေးမြို့ဟာ နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ဗဟိုချက်မ ဖြစ်ခဲ့ရတဲ့အတွက် အရေးပေါ်ကျန်းမာရေးစနစ်နဲ့ နာရေးကူညီရေးလုပ်ငန်းတွေဟာ ပျက်စီးသွားသလို ဖြစ်ခဲ့ရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဆေးရုံမှဆင်းခွင့်ရ

ကမ္ဘာတစ်ဝန်းက ဧပြီ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းများ
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ခံရသူ ၁.၆ သန်းရှိပြီး သေဆုံးသူဦးရေ ၁၀၃,၆၃၈ ဦးရှိကြောင်း ဧပြီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၂၀၀၀ ကျော်ရှိ
အမေရိကန်နိုင်ငံမှာ သောကြာနေ့က ၂၄ နာရီအတွင်း သေဆုံးသူ ၂၁၀၈ ဦး သေဆုံးခဲ့တဲ့အတွက် တစ်ရက်တည်းနဲ့ ၂၀၀၀ ကျော် သေဆုံးခဲ့တဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်ပြန်ချက်အရ သိရပါတယ်။