ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် စွမ်းအင်လုံခြုံရေး ဂျပန် အလေးပေးမည်

ကြာသပတေးနေ့က ဟော်မုဇ်ရေလက်ကြားတွင် ဂျပန်နိုင်ငံနှင့်ပတ်သက်သည့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စင်းကို တိုက်ခိုက်ခံရပြီးနောက် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် စွမ်းအင်လုံခြုံရေး၏ အရေးပါမှုကို ထင်ရှားစေရန် ဂျပန်နိုင်ငံက မျှော်လင့်လျက်ရှိသည်။ 
ဗြိတိန်နိုင်ငံက အသက်အကြီးဆုံးအဖွား ဂျုံး အသက် ၁၁၂ နှစ်မှာ ကွယ်လွန်
ဗြိတိန်နိုင်ငံ ဝတ်စတာရှိုင်းယား မှာ နေထိုင်တဲ့ အသက် ၁၁၂ နှစ် အရွယ် ဂရော့စ်ဂျုံးဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်ခဲ့ပါတယ်။ 
အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ၀ ကျော်ကို ပိုလန်၌ တိုးမြှင့်တပ်ချထားမည်
အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ၀ ကျော်ကို ပိုလန်နိုင်ငံသို့ ထပ်မံတိုးမြှင့်တပ်ချထားသဖြင့် ရုရှားနိုင်ငံအနေဖြင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်ဟု အမေရိကန် အိမ်ဖြူတော်က ယမန်နေ့က  ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်ဂွမ်ရှီတွင် မိုးသည်းထန်စွာရွာသွန်း ၁၇ ဦးသေဆုံး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွမ်ရှီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ၁၇ ဦးသေဆုံးခဲ့ပြီး ကိုးဦးပျောက်ဆုံးနေကြောင်း ဒေသန္တရအာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ပိုလန်ခရီးသွားဧည့်သည်များကို  အမေရိကန်က ဗီဇာကင်းလွတ်ခွင့်ပြုမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပိုလန်နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုမည့်အစီအစဉ်နှင့် ပတ်သက်ပြီး ခွင့်ပြုဖို့ စဉ်းစားနေသည်ဟု ဆိုသည်။ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဗီဇာမပါဘဲ အမေရိကန်နိုင်ငံသို့သွားရောက်ရန် ပါဝင်သည့် နိုင်ငံများမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။
မြောက်ကိုရီးယားနှင့် နျူသဘောတူညီချက်ကို အလျင်စလိုပြုလုပ်မည်မဟုတ်ဟု ဒေါ်နယ်ထရန့် ဆို
နှစ်နိုင်ငံခေါင်းဆောင်များကြား ပထမဦးဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲပြီးနောက် တစ်နှစ်အကြာတွင် ၄င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယား သဘောတူညီချက်ကို အလျင်စလိုပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
အာဘေးနှင့် ရိုဟာနီကြား အစည်းအဝေးက အဓိပ္ပာယ်ရှိဟု ဂျပန်ပြော
အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် ဂျပန်ဝန်ကြီး ရှင်ဇိုအာဘေးတို့အကြား ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် အစည်းဝေးပွဲမှာ အဓိပ္ပာယ်ရှိကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီဒါဆူဂါက ပြောကြားသည်။