လိုင်ယွန်ပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူအား ဖမ်းဆီး

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်း လိုင်ယွန်မြို့တွင် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ဆက်စပ်သည့် သံသယဖြစ်ဖွယ်ရာ အသက်၂၄နှစ်အရွယ် အယ်ဂျီးယားအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ပြင်သစ်အာဏာပိုင်များက ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုအပြီး လူ ၁၀ဝ နီးပါး ဖမ်းဆီးထား

ဥရောပသမဂ္ဂ ရွေးကောက်မှာ EU မှခွဲထွက်ရေးပါတီနဲ့ အမျိုးသားရေးပါတီတွေ အနိုင်ရရှိ
ဥရောပသမဂ္ဂ (EU) လွှတ်တော်အတွက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ EU မှ ခွဲထွက်ရေး ပါတီတွေနဲ့ အမျိုးသားရေးဦးတည်တဲ့ ပါတီတွေ အနိုင်ရတာကို တွေ့ရပါတယ်။ ဥရောပသမဂ္ဂ (EU) လွှတ်တော်အတွက် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံရှိ မဲဆန္ဒပေးနိုင်သူ သန်း ၂၀ဝ ကျော်က မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၅၁ ရာခိုင်နှုန်းက မဲပေးခဲ့ရာ နှစ်ပေါင်း ၂၀ အတွင်း မဲပေးသူအများဆုံး ရွေးကောက်ပွဲဖြစ်ခဲ့ပါတယ်။ 
ဂျပန်တွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက လူ ၁၀ဝ ကျော် အပူလျှပ်မှုဖြစ်ပွား
ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက အပူလျှပ်မှုကြောင့် ဖြစ်နိုင်သည့် လူ ၁၀၇ ဦး ကို ဆေးရုံများသို့ပို့ဆောင်ခဲ့ကြောင်း တိုကျိုမီးသတ်ဦးစီးဌာနက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် တာလီဘန် တို့တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံး
အာဖဂန်နစ္စတန် အရှေ့ပိုင်း Paktia ပြည်နယ်တွင် လုံခြုံရေးဂိတ်တစ်ခုကို တာလီဘန်စစ်သွေးကြွများ ညအချိန် စီးနင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်
ဂျပန်ဧကရာဇ် နာရူဟီတို ထီနန်းဆက်ခံပြီးနောက် ပထမဆုံးဧည့်သည်တော်ဖြစ်သည့် သမ္မတ ထရန့် နှင့်တွေ့ဆုံ
ဂျပန်ဧကရာဇ်ဘုရင်သစ် နာရူဟီတိုသည် မေလ ၁ ရက်နေ့က ထီနန်းဆက်ခံပြီးနောက် ပထမဆုံးဧည့်သည်တော် ဖြစ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယနေ့တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
ဘရာဇီးအကျဉ်းထောင် ပဋိပက္ခဖြစ်ပွား ၁၅ ဦးသေဆုံး
ဘရာဇီးနိုင်ငံမြောက်ပိုင်း အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့က ပဋိပက္ခဖြစ်ပွားကာ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။