အာဆီယံထိပ်သီးအစည်းအဝေးပွဲကို ဇွန်လနှောင်းပိုင်းအထိ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် ဧပြီလအစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲကို ဇွန်လနှောင်းပိုင်းအထိ ရွှေ့ပြောင်းလိုက်ကြောင်း ယခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ဉက္ကဌ ဗီယက်နမ်နိုင်ငံက ပြောကြားခဲ့သည်။ 
ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု နိုင်ဂျာနိုင်ငံ အတည်ပြုပြောကြား
နိုင်ဂျာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရကြောင်း နိုင်ဂျာပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အီတလီနိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ တရုတ်နိုင်ငံထက် ပိုများလာ
အီတလီနိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံထက် ပိုများသွားကြောင်း သိရပါတယ်။ အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၄၂၇ ဦးရှိကြောင်း  သိရတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၃,၄၀၅ဦးသွားဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်ရာ တရုတ်နိုင်ငံမှာတော့ သေဆုံးသူ ၃,၂၄၅ဦး ရှိပြီး အများစုမှာ အသက်ကြီးသူတွေဖြစ်ကြောင်း သိရပါတယ်။ 
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ဆက်လက်မြင့်တက်
ဂျပန်နိုင်ငံ ယနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၉၆၂ အထိ မြင့်တက်လာကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူပေါင်း တစ်သောင်းကျော်အထိ ရှိသွားပြီ
ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ  ၂၄ နာရီအတွင်း ၂၈၀၁ ဉီးရှိတဲ့အတွက် ကူးစက်ခံရသူ စုစုပေါင်း ၁၀,၉၉၉ အထိ ရှိသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာထုတ်ပြန်တဲ့ တရားဝင်စာရင်းအရ သိရပါတယ်။ 
အီတလီနိုင်ငံမှာ အပြင်မထွက်ရအမိန့် သက်ရောက်ချိန် တိုးမြှင့်
အီတလီနိုင်ငံမှာ COVID19 ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ထိန်းချုပ်ရန် နိုင်ငံသားတွေကို မတ်လ ၁၂ ရက်နေ့က စတင်ပြီး သီတင်းနှစ်ပတ်တိတိ အိမ်အပြင်မထွက်ရန် ပြဌာန်းခဲ့ပါတယ်။
COVID19ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၅၀ဝ လောက် အိမ်မှာ ရှိနေရ
ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၅၀ဝ လောက်ဟာ COVID19ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် အိမ်မှာ ရှိနေရကြောင်း သိရပါတယ်။