အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၄၀ ဦး ရှိလာ

အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်ဦးထပ်မံတွေ့ရှိကြောင်း အတည်ပြုခဲ့သဖြင့် စုစုပေါင်း ၄၀ ဦး ရှိပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီလမှစတင်ကာ ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း အာဖဂန်နစ္စတန်ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၄၂၁ ဦးရှိလာ
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ ယနေ့တွင်  ၄၂၁ ဦး ရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ဖြစ်ပွားသူ ၃၀၀၀၀ရောက်ရှိ
အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအသစ် ဖြစ်ပွားသူပေါင်း ၃၀၀၀၀ အထိရောက်ရှိခဲ့ပြီဖြစ်ကြောင်း  အမေရိကန်အစိုးရက ပြောကြားခဲ့သည်။
စင်ကာပူအစိုးရက နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ပိတ်ပင်မည်ဟုဆို
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအသစ် ဖြစ်ပွားမှုကြောင့် နိုင်ငံခြားသားအား တိုင်းပြည်အတွင်းသို့ ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်မည်ဖြစ်ကြောင်း စင်ကာပူအစိုးရက ပြောကြားခဲ့သည်။ 
Emirates လေကြောင်းလိုင်းရဲ့ ခရီးသည်တင်ခရီးစဉ်တွေကို ရပ်ဆိုင်းမယ်လို့ပြော
Emirates လေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေကြောင်းလိုင်းတွေနဲ့ လေယာဉ်ပြောင်းတဲ့ ခရီးစဉ်တွေပါ ရပ်ဆိုင်းမယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ 
တိုကျိုအိုလံပစ်အားကစားပွဲ ရွှေ့ဆိုင်းရန်ဖြစ်နိုင်ခြေရှိကြောင်း အာဘေး အရိပ်အမြွက်ပြောကြား
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုနှစ်နွေရာသီတွင် တိုကျိုအားကစားပွဲနှင့် မသန်စွမ်းအားကစားပွဲများကို ၎င်းတို့အနေဖြင့် ပြီးပြည့်စုံသည့် ပုံစံဖြင့် မကျင်းပနိုင်လျှင် ယင်းအားကစားပွဲများကျင်းပခြင်းကို ရွှေ့ဆိုင်းရန် ဖြစ်နိုင်ခြေရှိသည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၀ဝ၀ ကျော်ရှိလာ
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၀ဝ၀ ကျော် ရှိလာပြီဖြစ်