အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှ်မီးယားတွင် တိုက်ပွဲဖြစ်ပွား စစ်သွေးကြွ လေးဦးသေဆုံး
အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် စစ်သွေးကြွများအကြား ဖြစ်ပွားသည့် ပြင်းထန်သည့် ညတိုက်ပွဲတွင် စစ်သွေးကြွ လေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ က ယနေ့ပြောကြားခဲ့သည်။