ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့  မတ် ၂၆ ရက်နေ့တွင် ရရှိသော နောက်ဆုံးရ သတင်းများ

ကိုရိုနာ COVID-19 ဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ နောက်ဆုံးရသတင်းများကို စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၀၆ ဦးရှိပြီး သေဆုံးသူ ၁၀ ဦး ရှိလာ
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် အမေရိကန်မှာ သေနတ်ဝယ်ယူသူ များပြားလာ
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပျံ့နှံ့မှု ပိုမိုများပြားလာတဲ့အတွက် ကပ်ရောဂါ အသွင်ကနေ မငြိမ်မသက်မှု အသွင်ပြောင်းသွားမှာ စိုးရိမ်တဲ့အတွက် လက်နက်ဝယ်ယူမှုများ များပြားလာကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၁၀၄ ဦးရှိ၊ စုစုပေါင်း ၉၂၄၁ ဦး ရှိလာ
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀၄ ဦးရှိလာရာ စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၉၂၄၁ ဦး ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁၀ဝ၀ ကျော် နဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၀ဝ၀ နီးပါးဖြစ်လာကြောင်း သိရ
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ခံရသူပေါင်း ၆၈,၅၇၂ ဦးရှိလာပြီး သေဆုံးသူ ၁,ဝ၃၁ ဦး ရှိကြောင်း ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ရဲ့ သုတေသန ထုတ်ပြန်ချက်အရ သိရပါတယ်။  သုတေသန မထုတ်ပြန်မီ အချိန်အနည်းငယ်အစောပိုင်းမှာ သေဆုံးသူဟာ ၈၂၇ ဦးသာရှိကြောင်း တွေ့ရပါတယ်။ 
အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၄၃၉ ဦးရှိလာ
အစ္စရေးနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ အရေအတွက် ၄၃၉ ဦး ရှိသဖြင့် ကူးစက်ခံရသူ စုစုပေါင်း ၂၃၆၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပီရူးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦး ရှိလာ
ပီရူးနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ကိုးဦးရှိလာကြောင်းနှင့် ကူးစက်ခံရသူအရေအတွက် ၄၈၀ ရှိပြီ ဖြစ်ကြောင်း ပီရူးကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။