၂၀၂၀ တွင် အာကာသခရီးသွားများအတွက် နိုင်ငံတကာအာကာသစခန်းကို နာဆာဖွင့်လှစ်မည်

၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားလုပ်ငန်းနှင့် အခြားစီးပွားရေးစွန့်စားမှုများအတွက် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) ကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း နာဆာက ယမန်နေ့က ကြေညာခဲ့သည်။ 
အီရန်အပေါ် အရေးယူဒဏ်ခတ်မှုအသစ် အမေရိကန်ချမှတ်
အီရန်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီဖြစ်သည့် ရေနံဓာတုလုပ်ငန်းကြီးကို ပစ်မှတ်ထားပြီး အမေရိကန်သမ္မတထရမ့် အစိုးရသည် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ကို ချမှတ်လိုက်ကြောင်း သိရသည်။ 
တူရကီ လေယာဉ်မှူးများကို လေ့ကျင့်ပေးမှု အမေရိကန် ဆိုင်းငံ့
ယခုလကုန်မှစကာ အမေရိကန်လုပ် F-35 ဂျက်လေယာဉ်များနှင့် တူရကီလေယာဉ်မှူးများအား လေ့ကျင့်ပေးနေမှုများကို ရပ်တန့်တော့မည်ဟု အမေရိကန်ဘက်မှ သတိပေးထားသည်။ ရုရှားထံမှ လေကြောင်းကာကွယ်ရေးစနစ်ကို တူရကီက အသုံးပြုရန်စီစဉ်မှုကြောင့် တူရကီနှင့် အမေရိကန်တို့ကြား သဘော ထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ပလတ်စတစ်အမှိုက်ကို ကျောင်းလခ အဖြစ်လက်ခံတဲ့ အိန္ဒိယနိုင်ငံကကျောင်း
အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဒစ်ပါးဒေသရှိ ကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေဟာ မိမိတို့ အိမ် သို့မဟုတ် အိမ်ပတ်ဝန်းကျင်မှ ပလတ်စတစ်အမှိုက် အခုနှစ်ဆယ် ယူဆောင်လာခြင်းအားဖြင့် ကျောင်းလခ လွတ်ငြိမ်းတာကို တွေ့ရပါတယ်။ 
ဥရောပရဲ့ ပထမဦးဆုံး ရေအောက်စားသောက်ဆိုင်
ဥရောပရဲ့ ပထမဦးဆုံးရေအောက်စားသောက်ဆိုင်က နော်ဝေနိုင်ငံ လင်းဒန်နေ့စ် မှာ တည်ရှိပါတယ်။ စားသောက်ဆိုင်ရဲ့ နာမည်ကို အန်းဒါး Under လို့ အမည်ပေးထားပြီး ဆိုင်ဟာ သမုဒ္ဒရာရေထဲ ၁၅ ပေ အနက် အထိမှာ တည်ရှိနေတဲ့အတွက် သမုဒ္ဒရာထဲက သဘာဝအလှကို ကြည့်ရှုခံစားနိုင်ပါတယ်။
အနောက်နိုင်ငံက အမှိုက်တွေကို မီးရှို့မှာလား မြှုပ်မှာလား
အနောက်နိုင်ငံတွေက အမှိုက်တွေကို တရုတ်နိုင်ငံက လက်မခံတော့တဲ့နောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများ ကလည်း အလိုမရှိတော့တဲ့အတွက် အနောက်နိုင်ငံတွေဟာ ပလတ်စတစ် အမှိုက်ပစ်ဖို့ ခက်ခက်ခဲခဲဖြေရှင်း ရတော့မှာဖြစ်ပါတယ်။ 
ဗီယက်နမ် မူးယစ်ဆေးဝါး ကုန်ကူးသူ ဖမ်းဆီးရမိ
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Son La ပြည်နယ်တွင် ဒေသခံတစ်ဦးကို ဓါတ်ခွဲခန်းလုပ် မူးယစ်ဆေးပြား ၂၉၆၀ဝ ပြား သိမ်းယူကာ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံမီဒီယာ က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။