အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သီတင်းတစ်ပတ်အတွင်းမှာ တာတိုပစ်ဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခြင်းကို ဘယ်သူမှ ပျော်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ သူတို့ကြားက ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ ဆွေးနွေးပွဲကို မြောက်ကိုရီးယားက ဒုံးကျည် ၂ စင်းပစ်လွှတ်ပြီး ဖိအားကို တိုးမြှင့်လိုက်ပါတယ်။