တော်ဝင်မင်းသား ဟယ်ရီနဲ့ မီဂန်တို့က သားတော်ကို လူအများထင်ကြေးမပေးတဲ့ အမည်ပေးကင်ပွန်းတပ်
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နဲ့ ဇနီးသည် မီဂန်တို့ရဲ့ သားတော်လေးကို မနေ့က လူထုနဲ့ မိတ်ဆက် တွေ့ဆုံပေးအပြီး နာရီပိုင်းအကြာမှာ သူတို့ရဲ့ သားတော်လေးနာမည်ကို အာချေး ဟယ်ရီဆန် မောင့်ဘတ်တန်-ဝင်ဆာ လို့ ဆိုရှယ်မီဒီယာ အင်စတာဂရမ်ကနေ ကြေငြာလိုက်ပါတယ်။