ဒေလီမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခကြောင့် သေဆုံးသူ ၃၃ ဦး ဖြစ်လာ
အိန္ဒိယနိုင်ငံ ဒေလီမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူ ၃၃ ဦး ဖြစ်လာကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောကြားပါတယ်။ လူပေါင်း ၂၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမှုဖြစ်ပွား သေဆုံးသူ ကိုးဦး ရှိပြီး လူပေါင်း ၆၂၀၀၀ နေအိမ်များကို စွန့်ခွာထွက်ပြေး
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာနှင့် ပတ်ဝန်းကျင်ဒေသများတွင် ရေလွှမ်းမိုးမှုကြောင့် ယမန်နေ့က သေဆုံးသူ ကိုးဦးအထိရှိလာပြီး လူပေါင်း ၆၂၀၀၀ ကျော်မှာ ခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ ၏ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားနှုန်း စံချိန်တင် ကျဆင်း
တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် ပြီးခဲ့သည့်နှစ်က ၀ဒသမ ၉၂ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး တောင်းကိုရီးယားနိုင်ငံအတွက် စံချိန်တင် အနိမ့်ဆုံးဖြစ်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီယာဂျီအို သေရည်အရက် ထုတ်လုပ်တဲ့ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုးအထိ  ရောင်းအားကျနိုင်
ဗြိတိန်နိုင်ငံက သေရည်အရက်ထုတ်ကုမ္ပဏီ ဒီယာဂျီအိုရဲ့ ကုန်ပစ္စည်းတွေဟာ တစ်နှစ်အတွင်းရောင်းချမှုဟာ စတာလင်ပေါင် ၃၂၅ သန်း (အမေရိကန်ဒေါ်လာ ၄၂၂ သန်း) အထိ ရောင်းအားကျနိုင်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေသော ဥရောပနိုင်ငံများ
ဥရောပတစ်ဝိုက်မှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေသော နိုင်ငံ(၁၆)ခုနဲ့ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးကူးစက်ခံအရေ အတွက်နဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စာရင်းကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။
အမေရိကန်ရေနံစိမ်း ထုတ်လုပ်မှု ယခင်သီတင်းပတ်အတိုင်း ရှိနေ
အမေရိကန်ရေနံစိမ်း ထုတ်လုပ်မှုသည် ယခင်သီတင်းပတ် ဖေဖော်ဝါရီ ၂၁ ရက် အတိုင်း ရှိနေသည်ဟု အမေရိကန်စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှု(EIA) က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။