နာဆာမှ သင်္ချာပညာရှင် ကတ်သရင်းဂျွန်ဆင် အသက် ၁၀၁ နှစ်တွင် သေဆုံး

ကက်သရင်းဂျွန်ဆင်သည် နာဆာမှသင်္ချာပညာရှင်ဖြစ်ပြီး Hidden Figuresဇာတ်ကားတွင် ဂုဏ်ပြု ဖော်ပြခြင်းခံရသူ လည်းဖြစ်သည်။ ၎င်းသည် အသက် ၁၀၁ နှစ်တွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် အာကာသအေဂျင်စီ ကပြောသည်။ ၁၉၆၉ ခုနှစ်တွင် လကမ္ဘာသို့ ပထမဆုံးလူလိုက်ပါသည့် အာကာသယာဉ်စေလွှတ်မှုတွင် ကက်သရင်း ဂျွန်ဆင်၏တွက်ချက်မှုမှာ များစွာအထောက် အကူပြုခဲ့သည်။
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း မွန်ဂျေအင်း ပြောကြား
တောင်ကိုရီးယားနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု သမ္မတမွန်ဂျေအင်း က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားရာ အဓိကနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် ၁၀၀၀ နီးပါးရှိလာသည်။
ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ ကာကွယ်ရေးဆိုင်ရာစာချုပ် အမေရိကန်နှင့် အိန္ဒိယ လက်မှတ်ရေးထိုးမည်
ဒေါ်လာ ၃ ဘီလီယံကျော်တန်ဖိုးရှိ အမေရိကန်လုပ် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန် အိန္ဒိယနိုင်ငံက သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးဟာ တစ်ကမ္ဘာလုံးကို ကူးစက်လာနိုင်ကြောင်း သတိပေး

ဒေါ်လာ ၃ ဘီလီယံကျော် တန်ကြေးရှိ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အမေရိကန်နှင့် အိန္ဒိယ လက်မှတ်ထိုး

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားရာ ငါးဦးသေဆုံး

အာဖဂန်နစ္စတန်တွင် ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား အိုင်အက်စ် စစ်သွေးကြွ လေးဦး သေဆုံး