သီရိလင်္ကာအကြမ်းဖက်သမားတစ်ဦးမှာ ဩစတြေးလျနိုင်ငံတွင် ဘွဲ့လွန်ဒီပလိုမာ အောင်မြင်ခဲ့သူဖြစ်
သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်မှုများကိုကျူးလွန်ခဲ့သည့် အသေခံဗုံးခွဲသူများ အနက်တစ်ဦးသည် ဩစတြေးလျနိုင်ငံတွင် ဘွဲ့လွန်ဒီပလိုမာတန်း တက်ရောက်အောင်မြင်ခဲ့သူဖြစ်သည်ဟု သီရိလင်္ကာစုံစမ်းစစ်ဆေးသူများက ဆိုသည်။