မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရုရှားနိုင်ငံသို့ မကြာမီ သွားရောက်မည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပထမဆုံးအကြိမ် အစည်းအ ဝေးပြုလုပ်ရန် မကြာမီ ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။
ယူကရိန်း ရွေးကောက်ပွဲ  ဇီလန်စကီ အောင်ပွဲရရှိ
ဒုတိယအကျော့ပြန်လည်ကျင်းပခဲ့သော ရွေးကောက်ပွဲပြီးနောက် ယူကရိန်းသမ္မတရွေးကောက်ပွဲတွင်  လက်ရှိသမ္မတကို မဲအသာ ရရှိပြီးနောက် ယူကရိန်းနိုင်ငံရေးဇာတ်ခုံသို့ စတင်ဝင်ရောက်လာသည့် မျက်နှာသစ်နိုင်ငံရေးသမား တစ်ဦးက  ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။
သီရိလင်္ကာ အကြမ်းဖက်လုပ်ရပ်ကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ဝေဖန် ရှုတ်ချ
သီရိလင်္ကာနိုင်ငံရှိ အကြမ်းဖက်လုပ်ရပ်ကို ကမ္ဘာ့နိုင်ငံခေါင်းဆောင်များက ပြစ်တင်ဝေဖန်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် ဘေးဒုက္ခရောက်သူများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။  
ဂျပန် နာဂါဆာကီ မြို့တော်ဝန် လေးကြိမ်မြောက်သက်တမ်း ပြန်လည်ရွေးကောက်တင်မြှောက်ခံရ
ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နာဂါဆာကီမြို့တော်ဝန်သည် ပြိုင်ဘက် သုံးဦးကို အနိုင်ရရှိခဲ့ပြီးနောက် လေးကြိမ်မြောက် လေးနှစ်သက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံရကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံက တိုက်ခိုက်မှုအတွင်း လူပေါင်း  ၂၉၀ သေဆုံး
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ (အီစတာနေ့)က ခရစ်ယာန်ဘုရားကျောင်းများနှင့် ဇိမ်ခံဟိုတယ်များ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူဦးရေ ၂၉၀ ထိရှိပြီး ဒဏ်ရာရရှိသူ ၅၀ဝ ခန့်ရှိကြောင်း ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့မနက်က အတည်ပြုပြောကြား လိုက်ပါတယ်။
ဗုံးပေါက်ကွဲမှုများကြောင့် ဂျပန်ကမ္ဘာလှည့်ခရီးသွားများ သီရိလင်္ကာနိုင်ငံမှ ပြန်လာ
ဆက်တိုက်ဗုံးပေါက်ကွဲမှုများကြောင့် လူပေါင်း ၂၀ဝကျော် သေဆုံးခဲ့ရာ သီရိလင်္ကာနိုင်ငံမှ ဂျပန်ကမ္ဘာလှည့်ခရီးသွားများ ပြန်လည်ထွက်ခွာလာခဲ့သည်။ 
ထရီပိုလီမြို့တော်၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် သေဆုံးသူဦးရေ ၂၅၄ဦး ထိ ရှိလာ
ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသည့် လစ်ဗျားအစိုးရနှင့် အရှေ့ပိုင်းအခြေစိုက် တပ်မတော်တို့ ထရီပိုလီမြို့တော်ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူပေါင်း ၂၅၄ဦး သေဆုံးခဲ့ပြီး ၁၂၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တနင်္ဂနွေနေ့တွင်  ပြောကြားခဲ့သည်။