ထရန့်အား စွပ်စွဲပြစ်တင်မှု အထက်လွှတ်တော်သို့ တင်သွင်းရန် ပီလိုစီကြိုးပမ်း

၁၅ ဇန်နဝါရီ

 

မြောက်ကိုရီးယား အလုပ်သမားတင်ပို့မှုနှင့်ပတ်သက်ပြီး အမေရိကန် က ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရခဲ့သည့် ဂျပန်နိုင်ငံသား ကမ္ဘာ့ကြက်တောင်ချန်ပီယံ ကွာလာလမ်ပူ လေဆိပ်မှ တိုကျိုမြို့သို့ ထွက်ခွာ

အာရပ်စော်ဘွားများ ပြည်ထောင်စုက ရေနံစိမ်းစည်ပေါင်း ၈ ဒသမ ၁ သန်းကို ဂျပန်နိုင်ငံ၌ သိုလှောင်မည်
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သို့ ဂျပန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ခရီးစဉ်ရောက်ရှိမှုအတွင်း ဂျပန်နိုင်ငံ၏ သဘာဝအရင်းအမြစ်နှင့် စွမ်းအင်အေဂျင်စီနှင့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီမှုတစ်ရပ်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု၏ အမြင့်ဆုံးရေနံ ကောင်စီက လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ယူကရိန်းခရီးသည်လေယာဉ် မှားယွင်းပစ်ချခံလိုက်ရသည့်ကိစ္စတွင် တာဝန်ရှိသူအားလုံးကို အပြစ်ပေးသွားမည်ဟု အီရန်သမ္မတ ပြောကြား
လွန်ခဲ့သောရက်သတ္တတ်ကယူကရိန်း ခရီးသည်လေယာဉ် မှားယွင်းပစ်ချခံလိုက်ရသည့်ကိစ္စတွင် တာဝန်ရှိသူအားလုံးကို အပြစ်ပေးသွားမည်ဖြစ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။ 
တရုတ်အနောက်မြောက်ပိုင်း၌ လမ်းပြိုမှုကြောင့် ခြောက်ဦးသေ၊ လေးဦး ပျောက်ဆုံး
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျင်ဟိုင်းပြည်နယ်တွင် ယမန်နေ့က လမ်းပြိုကျမှုတစ်ခု ဖြစ်ပွားပြီးနောက် သေဆုံးသူ ခြောက်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူလေးဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့ ပြောကြားသည်။