အာဖဂန်ပြည်တွင်းစစ်ပွဲမှာ ဆယ်စုနှစ် နှစ်ခုစာမျှ ကြာမြင့်လာပြီဖြစ်ပြီး စစ်ပွဲအတွင်း အရပ်သားများသေဆုံးမှုမှာ ၂၀၁၈ ခုနှစ်က အများဆုံးဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာအရ သိရသည်။ အရပ်သားသေဆုံးမှုမှာ ၂၀၁၇ ခုနှစ်ကထက်စာလျှင် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အရပ်သား ၃၈၀၄ ဦး အသတ်ခံရပြီး ၇၁၈၉ ဦးခန့်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။