အမေရိကန်နဲ့ မြောက်ကိုရီးယားဆွေးနွေးပွဲဟာ သဘောတူညီချက်မရရှိဘဲ ရုတ်ချည်း ပြီးဆုံး
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ မြောက်ကိုရီးယားနျူကလီးယား လက်နက် ဖျက်သိမ်းရေးဆွေးနွေးပွဲကို ဒီကနေ့ ပြီးဆုံးခဲ့ပါတယ်။ ဆွေးနွေးပွဲဟာ ၂ ရက်ကြာခဲ့ပေမယ့် နှစ်နိုင်ငံကြားမှာ သဘောတူညီချက်တစ်စုံတစ်ရာ မရရှိဘဲ ရုတ်ချည်းပြီးဆုံးခဲ့ပါတယ်။