အိန္ဒိယနိုင်ငံ ဒေလီတွင် မြူထူထပ်သိပ်သည်းမှုကြောင့် လေကြောင်းခရီးစဉ်များနှင့် ရထားပြေးဆွဲမှုများ နှောင့်နှေး

မြောက်ကိုရီးယားနိုင်ငံက ဗိုင်းရပ်စ်ပိုးသစ်ကို ကာကွယ်ရန် ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ခွင့် ပိတ်ပင်သွားမယ်

သမ္မတ ဒေါ်နယ်ထရမ့်အား စွဲချက်တင်စစ်ဆေးမှု စတင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သမိုင်းဝင် စွဲချက်တင်စစ်ဆေးမှုကို အထက်လွှတ်တော်တွင် အင်္ဂါနေ့က စတင်သည်။ ဒီမိုကရက်တစ်အမတ်များက သမ္မတကို အိမ်ဖြူတော်မှ ဖယ်ရှားရန် ကြိုးစားနေပြီး ရီပတ်ဘလစ်ကန်အမတ်များက ဖြစ်နိုင်ပါက သမ္မတတွင် အပြစ်မရှိကြောင်း အမြန်ဆုံးစီရင်ဆုံးဖြတ်ရန် ဆုံးဖြတ်ထား ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အီးယူအကြီးအကဲ၊ အီရတ်သမ္မတတို့နှင့် ဒါဗို့စ်မြို့၌ တွေ့ဆုံ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့သို့ သွားရောက်သည့် ခရီးစဉ်အတွင်း အီရတ်သမ္မတ၊ ဥရောပသမဂ္ဂ အမှုဆောင်အဖွဲ့အကြီးအကဲတို့နှင့် တွေ့ဆုံခဲ့သည်ဟု အိမ်ဖြူတော်က ယနေ့ ပြောကြား လိုက်သည်။
အီရန်၏ ဒုံးကျည်နှစ်စင်း ထိမှန်မှုကြောင့် ယူကရိန်းလေယာဉ်ပျက်ကျခဲ့ကြောင်း အတည်ပြု
ယခုလအတွင်း လူ ၁၇၆ ဦးကို အသက်ဆုံးရှုံးစေခဲ့သည့် ယူကရိန်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွင် အဆိုပါ ပျက်ကျလေယာဉ်မှာ အီရန်စစ်တပ်၏ ဒုံးကျည်နှစ်စင်း ထိမှန်ခံခဲ့ရကြောင်း အီရန်က အတည်ပြုပြောကြားခဲ့သည်။
ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ အရှေ့အလယ်ပိုင်းဒေသ၌ တာဝန်များ စတင်ထမ်းဆောင်
ဂျပန်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ကင်းလှည့်လေယာဉ်တပ်ဖွဲ့သည် အရှေ့အလယ်ပိုင်းဒေသ၌ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရယူနိုင်ရေး စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။