ပြင်သစ်တွင် ဗလီတစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးဒဏ်ရာရ
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဗလီတစ်လုံး၌ လက်ယာယိမ်း အမျိုးသားပါတီနှင့် ဆက်စပ်နေသည့် အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူနှစ်ဦး ထိခိုက်ခဲ့သဖြင့် ယင်း သံသယရှိသူကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ကိုလံဘီယာ၌ သမ္မတလိုက်ပါစီးနင်းသည့် လေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား

လက်ဘနွန်မှ ဆန့်ကျင်ဆန္ဒပြသူများ အဓိကလမ်းများကို ပိတ်ဆို့ဆန္ဒပြ

အာဖဂန်နစ္စတန် မြောက်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွား စစ်သွေးကြွ ခြောက်ဦးသေဆုံး
လုံခြုံရေး တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဖာရတ်ပ်ပြည်နယ် ပါ့တွန်ကော့ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာ နေရာသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟာနစ်ဖ် ရီဇီ က ယနေ့ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ခန့်အပ်
ဘယ်လ်ဂျီယံဘုရင် ဖိလစ်သည် ဒီဇင်ဘာလတွင် ဉရောပကောင်စီ ဉက္ကဋ္ဌဖြစ်လာမည့် ချာလပ်စ် မီရှယ်လ် နေရာတွင် အစားထိုး ခန့်အပ်ရန် ဘဏ္ဍာရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု ဝန်ကြီး ဆိုဖီ ဝီလမ်အား ယာယီဝန်ကြီးချုပ် အသစ်အဖြစ် ခန့်အပ်ခဲ့သည်။
ကိုလံဘီယာတွင် သမ္မတစီးနင်းသော လေတပ်ဖွဲ့စုမှ ရဟတ်ယာဉ်ပျက်ကျ ခြောက်ဦးသေဆုံး
ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း ကူဒီနာမာကာ ဒေသရှိ ကျေးလက်ဒေသ တစ်ခုတွင် သမ္မတ စီးနင်းသော လေယာဉ်စု၏ ပါဝင်သော ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် လေယာဉ်အမှုထမ်း ခြောက်ဉီး လုံး သေဆုံးခဲ့ကြောင်း ကိုလံဘီယာလေတပ်အဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။