ထိုင်းတော်ဝင် နန်းတွင်းအဆင့်မြင့်အရာရှိ ခြောက်ဦးအား ရာထူးမှ ဖယ်ရှား
ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက သူ၏ကြင်ရာတော်အား ချီးမြှင့်အပ်နှင်း ထားသော ဘွဲ့များကို ပြန်လည်ရုပ်သိမ်းကြောင်း တရားဝင်ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် တော်ဝင်နန်းတွင်း အဆင့်မြင့် အရာရှိခြောက်ဦးအား ရာထူးမှ ဖယ်ရှားခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။







