ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ အမေရိကန်- မြောက်ကိုရီးယား ဆွေးနွေးပွဲ အပြီးမှာ အမေရိကန်နိုင်ငံရဲ့ ရန်လိုမှုကို ရပ်ဆိုင်းခြင်း မလုပ်ရင် နျူကရီးယား ဆွေးနွေးပွဲကို မြောက်ကိုရီးယား အနေနဲ့ ဆက်လက် မလုပ်ချင်တော့ဘူးလို့ တနင်္ဂနွေနေ့ ထုတ်ဖော်ပြောကြားပါတယ်။