အယ်ဆာဗေဒိုနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် လူခုနစ်ဦးထက်မနည်း သေဆုံး
အယ်ဆာဗေဒိုနိုင်ငံတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များပြိုကျကာ မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် မိသားစုတစ်စုမှ မိသားစုဝင်ငါးဦးအပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အထွေထွေညွှန်ကြားရေးရုံးက ပြောကြားသည်။







