တန်ဇန်းနီးယားနိုင်ငံ၌ မိုးကြိုးပစ်ခံရမှုကြောင့် လယ်သမား ခုနစ်ဦးသေဆုံး
တန်ဇန်းနီးယားနိုင်ငံတောင်ပိုင်း ကုန်းမြင့်ဒေသ ရုကာတွင် ပြီးခဲ့သည့်စနေနေ့က မိုးကြိုးပစ်ခံရမှုကြောင့် လယ်သမားခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။





