ဂျာမနီနိုင်ငံမှာ ဝက်တုပ်ကွေးပိုး ပထမဦးဆုံးအနေနဲ့ တွေ့ရှိ
ဂျာမနီနိုင်ငံမှာ အာဖရိကဝက်တုပ်ကွေးပိုးကို ပထမဦးဆုံးအနေနဲ့ တွေ့ရှိကြောင်း ဒီကနေ့ (ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။ ဂျာမနီနဲ့ ပိုလန်နယ်စပ် ဘရန်ဒန်ဘတ် ဒေသမှာ တောဝက်သိုးတစ်ကောင်ဟာ ဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးနေတာကိုတွေ့ရှိကြောင်းနဲ့ သံသယရှိတဲ့အတွက် စစ်ဆေးရာ အတည်ပြုနိုင်ခဲ့ကြောင်း ဂျာမနီစိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။