ကောလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်ကွက် မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က မြို့မ KC နယ်မြေ အတွင်းရှိ ကွင်းအမှတ် (၂၀၁၀)၊ ဦးပိုင် အမှတ် (၃၄)၊ တောင်သူ ဉီးမောင်မောင်၏ လယ်ဧရိယာ(၆) ဧက ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်ကွက်တွင် ပြုလုပ်ခဲ့သည်။