ပွင့်ဖြူမြို့၌ ပြည်သူများ အားလပ်ချိန်တွင် အပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေးအထောက်အကူပြုစေရန် အားကစားလေ့ကျင့်ခန်းပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်ရန်နှင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်မှုဖြင့် နိုဝင်ဘာ ၂၈ ရက် ၊ ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည့်နေရာတစ်ခု စီစဉ်ဆောင်ရွက်နေကြောင်း
ဝက်လက်မြို့နယ်၌ (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသည့်  မျိုးစေ့ထုတ်စပါးစိုက်ခင်း ဧကပေါင်း ၁၆ဝဝ ပိုးမွှားကျရောက်မှုသက်သာကာ အောင်မြင်ဖြစ်ထွန်း

ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံစားတော်ပဲ သိပ္ပံနည်းစနစ်ဖြင့်(၅)ဧက စမ်းသပ်စိုက်ပျိုးထား
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစားတော်ပဲ ဒေသနှင့်ကိုက်ညီမှု ရှိ၊မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ဟိုက်တလန်စိုက်ပျိုးရေးခြံတွင် သိပ္ပံနည်းစနစ်ဖြင့်(၅)ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အပင်ထွက်ရှိလာမှုများအား နိုဝင်ဘာ ၂၆ ရက်နေ့က ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဆလိုင်းဒယ်နီရယ်ထွန်းတင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း ....................................
ပန်းတနော်မြို့နယ်၌ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေး ပေးလျက်ရှိ

ရွေးကောက်ပွဲမှာ လုံလုံခြုံခြုံနဲ့၊ တက်တက်ကြွကြွနဲ့ မဲပေးနိုင်ဖို့
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်ပြီး အခြေအနေကောင်း
မင်းဘူး(စကု)မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့်  စိုက်ခင်းများ  ပြန်လည်စိမ်းစို လန်းဆန်းလာ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းမှ မိုးသီးနှံစိုက်ခင်းများသည် နေအပူရှိန်များပြီး ခြောက်ရော်ပိန်လှီ နေရာမှ အခုရက်ပိုင်း သုံးလေးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် စိုက်ခင်းများ ပြန်လည်လန်းဆန်းပြီး စိမ်းစိုကာဖြစ်ထွန်းလာကြောင်း မကျီးသုံးပင်ကျေးရွာ မြေပဲစိုက် တောင်သူ ဦးအောင်ကျော်ဆန်းထံမှ သိရသည်။