ဂျိမ်းစဘွန်းရုပ်ရှင်သစ် ပြသမည့်ရက် ထပ်မံရွှေ့ဆိုင်း
ဂျိမ်းစဘွန်းရုပ်ရှင်သစ်ဖြစ်တဲ့ No Time To Die ရုပ်ရှင်ကားရုံတင်မယ့်ရက်ကိုတော့ ကိုဗစ် -၁၉ ကြောင့် တတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်ရပြန်ပါပြီ။ ရုပ်ရှင် မင်းသား ဒန်နီရယ် ခရက် Daniel Craig ဂျိမ်းစဘွန်းအဖြစ် နောက်ဆုံးအကြိမ် ပါဝင်မယ့်ရုပ်ရှင်ကားကိုအောက်တိုဘာ ၈ မှာပြသမယ်လို့ ဇန်နဝါရီ ၂၂ ရက် အစောပိုင်းမှာပဲ တွစ်တာမှာကြေညာထားပါတယ်။ အဲဒီရုပ်ရှင်ကားကို ၂၀၂၁ ခုနှစ် ဧပြီလမှာပြသမယ်လို့ ရက်သတ်မှတ်ထားတာပါ။