အောင်လံမြို့နယ်ရှိ စုရပ်(၂၆၆)နေရာတွင် ဝက်သက်−ဂျိုက်သိုးရောဂါကာကွယ်ဆေးများ တစ်ပြိုင်တည်း ထိုးနှံပေး

အောင်လံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ စုရပ်(၂၆၆)နေရာတွင် ကိုးလမှ ငါးနှစ်ခွဲအထိ ကလေးရည်မှန်း ဦးရေ (၁၅၄၀၅)ဦးတို့အား နိုဝင်ဘာလ(၂၆)ရက်နေ့မှစတင်၍ (၂၈)ရက်နေ့အထိ ဝက်သက်−ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို  တစ်ပြိုင်တည်း ဆောင်ရွက်လျှက်ရှိကြောင်း    မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရ