ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကုသရေးမှာ ပါဝင်နေတဲ့ သူနာပြု ၁,၀၀၀ ကျော်သေဆုံး
ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကုသရေးမှာ ပါဝင်နေတဲ့ သူနာပြု ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သူနာပြုကောင်စီ (ICN) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုထုတ်ပြန်တဲ့ စာရင်းထက် များနိုင်ကြောင်းလည်း သတိပေးလိုက်ပါတယ်။