တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ၁၄ ဦး စစ်ဆေးတွေ့ရှိပြီး နှစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် အသက်ရှူမဝ၊ အနံ့မရသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ခြောက်ဦးတို့မှာ ခုတင်(၁၀၀)ဆံ့ ပြည်သူဆေးရုံသို့ ဆေးကုသခံယူရန် ရောက်ရှိစဉ် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ Rapid Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးသူ ၁၄ ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။
အိမ်မဲမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၃ ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၂ ဦးထပ်မံတွေ့ရှိ

ကျောက်ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကိုးဦး ထပ်မံတွေ့ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြပါရမီကိုယ်ပိုင်းကျောင်းရှိ Quarantine Center တို့တွင် Quarantine ဝင်ရောက်နေသူများအား ဇူလိုင် ၁၇ ရက်က RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး လေးဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ သုံးဦး ထပ်မံတွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများထားရှိမည့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး

လားရှိုးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံသို့ ငွေကျပ်သိန်း(၁၀၀) လှူဒါန်း