ရှေးဟောင်း မြန်မာစာပေရေးရာဌာနကို နိုင်ငံတော်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးရှိစွာ ဆောင်ရွက်သွားမည်
မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ ရှေးဟောင်းမြန်မာစာပေ ရေးရာဌာနကို နိုင်ငံတော်နှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။