ဘရာဇီးနိုင်ငံမှာ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးစမ်းသပ်ခြင်း ရပ်ဆိုင်း
ဘရာဇီးနိုင်ငံ ကျန်းမာရေးဌာနကနေ တရုတ်နိုင်ငံထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်နေခြင်းကို ရပ်ဆိုင်းထားကြောင်း တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ ကာကွယ်ဆေး စမ်းသပ်ခံနေသူ တစ်ဦးမှာ ဆေးရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု နဲ့ ရင်ဆိုင်လိုက်ရပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။