ပဲရစ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများအပြားဟာ ဆင်းရဲသူတွေဖြစ်ကြောင်း ထုတ်ပြန်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ပတ်ဝန်းကျင်ရှိ ဆင်းရဲလွန်းတဲ့ နေရာတွေက ပြည်သူတစ်ဝက်ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ အထူးသဖြင့် အဲဒီနေရာတွေမှာ နိုင်ငံရွှေ့ပြောင်းသူတွေ နေထိုင်ကြကြောင်း ဒီနေ့(အင်္ဂါနေ့) မှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 
အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုများလာတဲ့အတွက် စည်းမျဉ်းတွေ ပြန်လည်တင်းကျပ်
အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယအကြိမ် များလာတဲ့အတွက် စည်းမျဉ်းတွေ ပြန်လည်တင်းကျပ်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် မိုက်ကယ်မာတင် က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ 
အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုအဆုံးသတ်ရေး တရုတ်နိုင်ငံက ဦးဆောင်ပြီး ကုလသမဂ္ဂမှာ တောင်းဆို
တရုတ်၊ ရုရှား နဲ့ တခြား နိုင်ငံ ၂၀ ကျော် က အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ တစ်ဖက်သတ်ဆန်တဲ့ ပိတ်ဆို့ အရေးယူမှု အဆုံးသတ်ရေးကို ကုလသမဂ္ဂမှာ တောင်းဆိုလိုက်ပါတယ်။
အာဖဂန်တပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွား စစ်သွေးကြွ ငါးဦး သေဆုံး
အာဖဂန်အစိုးရတပ်ဖွဲ့များက စစ်သွေးကြွများအား နှိမ်နင်းခဲ့ရာ တာလီဘန်စစ်သွေးကြွ  ငါးဦး သေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ တာခါနှင့်ကူဒက်ဇ်ပြည်နယ်ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း
မြောက်ကိုရီးယားရဲ့ စီးပွားရေး တိုးတက်အောင်လုပ်ရန် ရက် ၈၀ စစ်ပွဲဆင်နွှဲဖို့    ခေါင်းဆောင်ကြီး ကင် ပြောကြား
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စီးပွားရေးတိုးတက်အောင်လုပ်ရန် နိုင်ငံတစ်ဝန်းမှာ ရက် ၈၀ စစ်ပွဲဆင်နွှဲရန် ပြောကြားလိုက်ကြောင်း အစိုးရသတင်းဌာန KCNA က ဒီနေ့ (အင်္ဂါနေ့) မှာ ကြေညာသွားပါတယ်။
ကာဂျစ္စတန်မြို့တော်တွင် ဆန္ဒပြသမားများနှင့် လုံခြုံရေးအရာရှိများ ပဋိပက္ခဖြစ်ပွား လူ ၁၆ ဦး ဒဏ်ရာရ
ကာဂျစ္စတန်မြို့တော်တွင် ယန်နေ့ကကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲ ရလဒ်များကို ဆန့်ကျင်ဆန္ဒပြရာမှ  ဆန္ဒပြသူများနှင့် လုံခြုံရေးအရာရှိများအကြား ပဋိပက္ခများ ဖြစ်ပွားသဖြင့် လူ ၁၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့သည်။