တောင်ကိုရီးယားနိုင်ငံက Naver အမည်ရှိ အင်တာနက် portal ကို အမေရိကန်ဒေါ်လာ ၂၃ သန်းဒဏ်ရိုက် 

တောင်ကိုရီးယားနိုင်ငံက Naver အမည်ရှိ အင်တာနက် Portal ကို ကိုရီးယားဝမ် ၂၆.၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၃ သန်း) ဒဏ်ရိုက်ခဲ့ရကြောင်း အင်္ဂါနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ 
ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်ရှိနေသေးတယ်ဆိုရင် စကားစစ်ထိုးပွဲလုပ်ဖို့ ဆန့်ကျင်မယ် လို့ ဂျိုးဘိုင်ဒန် ပြောကြား
ဒီမိုကရက်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒန်က အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေရဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို ဒေါ်နယ်ထရမ့်မှာသာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်လက်ရှိနေမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းကို ဘိုင်ဒန်က လိုက်နာသွားမယ်လို့ အင်္ဂါနေ့က ပြောကြားပါတယ်။
အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၅၇၁၃၁ ဦး၊ သေဆုံးသူ ၁၀၄၅၅၅ ဦး ရှိလာ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၇၂၀၄၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၉၈၆ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
ကာဂျစ္စတန်ဝန်ကြီးချုပ်နှင့် ပါလီမန်ဥက္ကဌတို့ ရာထူးမှနုတ်ထွက်
ကာဂျစ္စတန်နိုင်ငံဝန်ကြီးချုပ် ကူဘတ်ဘက်ခ် ဘော်ရိုနော့ဗ်နှင့် ပါလီမန်ဥက္ကဌ ဒါစတန် ဒက်ရှ်ဟမ်အဘီကော့ဗ်တို့နှစ်ဦးသည် နိုင်ငံအတွင်းရှိ ဆန္ဒပြမှုများအကြား ယမန်နေ့က ရာထူးမှနုတ်ထွက်ခဲ့ကြသည်။
ကပ်ရောဂါကြောင့်  ဗြိတိန်နိုင်ငံရဲ့ hospitality လုပ်ငန်းမှ လုပ်သား ၅၆၀,၀၀၀ ကျော် အလုပ်ထိခိုက်မှုရှိ
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလအတွင်း  ဗြိတိန်နိုင်ငံရဲ့ ဧည့်ဝတ်ပြုခြင်းဆိုင်ရာ (hospitality)လုပ်ငန်းမှ လုပ်သား ၅၆၀,၀၀၀ ကျော် ရဲ့ အလုပ်အကိုင် ထိခိုက်မှုရှိမှာဖြစ်ကြောင်း အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။
အီရန် နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၄,၀၀၀ ကျော် ရှိလာ
အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အင်္ဂါနေ့က ၂၄ နာရီအတွင်း ၄,၀၀၀ ကျော် တွေ့ရှိတဲ့အတွက် တစ်ရက်တည်းနဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးဖြစ်လာကြောင်း သိရပါတယ်။