ဂျပန်အာဏာရပါတီရဲ့ ခေါင်းဆောင်သစ် သို့မဟုတ် ဝန်ကြီးချုပ်နေရာဆက်ခံမယ့် ဆူဂါ ယိုရှီဟီဒဲ

အီတလီနိုင်ငံတွင် ၆ လ ကျော်ပိတ်ထားတဲ့ ကျောင်းတွေပြန်ဖွင့်ပြီ
အီတလီနိုင်ငံက သန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေဟာ ဒီနေ့ (တနင်္လာနေ့)မှာတော့ ကျောင်းတွေ ပြန်ဖွင့်နေတဲ့အတွက် စာသင်ခန်းတွေဆီကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ကျောင်းတွေ ၆ လကျော်ပိတ်ထားခဲ့ပါတယ်။ 
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရာထူးမှနှုတ်ထွက်
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် တယ်ရီဘရန်းစတပ် နှုတ်ထွက်သွားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဒီနေ့(တနင်္လာနေ့)မှာ ကြေညာပါတယ်။ ကမ္ဘာ့အင်အားကြီး စီးပွားနှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ တိုးနေချိန်မှာ သံအမတ်ရာထူးမှ နှုတ်ထက်သွားတာဖြစ်ပါတယ်။ 
ဥရောပတွင် လာမယ့်နှစ်လအတွင်း ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူများလာနိုင်ကြောင်း သတိပေးပြောကြား
ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ သေဆုံးသူများလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကျွမ်းပညာရှင်တွေက ဒီနေ့(တနင်္လာနေ့)မှာ သတိပေးပြောကြားပါတယ်။ 
ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု တစ်နေ့တည်းမှာပင် စံချိန်တင်မြင့်တက်လာ