အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေး ပြန်လည်စမ်းသပ်
ဗြိတိန်နိုင်ငံက အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ စမ်းသပ်ခံတစ်ဦး ဖျားနာတဲ့အတွက် ခေတ္တရပ်ဆိုင်းရာမှ စနေနေ့ကစပြီး ပြန်လည်စမ်းသပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ စတင်ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ်
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းနဲ့ စတင်ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ် ဒီနေ့(တနင်္ဂနွေနေ့)မှာ ပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀,၀၀၀ ကျော်ရှိ
ပြင်သစ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်‌ ရောဂါပိုး စစ်ဆေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာစဉ်မှာ စနေနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀,၅၆၁ ဦးနဲ့ သေဆုံးသူ ၁၇ ဦး ရှိသူကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
အင်ဒိုနီးရှားနိုင်ငံက Thomas and Uber Cups ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာ
အင်ဒိုနီးရှားနိုင်ငံက  Thomas and Uber Cups ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဒီနေ့ (စနေနေ့) မှာ ကြေညာလိုက်ပါတယ်။ 
စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှု သိသိသာသာမြှင့်တက်လာ
စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်မှာ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။ သောကြာနေ့က ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူပေါင်း ၁၂,၀၀၀ ကျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။