Cloud အခြေခံအဆောက်အအုံတွေနဲ့ ကေဘယ်လိုင်းသစ်တွေ ဂူဂဲလ်ချဲ့ထွင်
အယ်လ်ဖာဘတ် ကုမ္ပဏီအုပ်စုကြီးဖြစ်တဲ့ ဂူဂဲလ်ဟာ Cloud အသုံးပြုတွေအတွက် ယင်းရဲ့ အခြေခံအဆောက်အအုံတွေ ချဲ့ထွင်တဲ့အနေနဲ့ ဒေသသစ်ငါးခု ထပ်ပေါင်းပြီး ရေအောက်ကေဘယ်လိုင်းသစ် သုံးခုကို တည်ဆောက်သွားမယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။