ဂျပန်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ သက်တမ်းတိုးမြှင့် ချမှတ်နိုင်
ဂျပန်အစိုးရက တိုကျိုနှင့် အခြားဒေသများတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်ပြီး အခြေအနေ တိုးတက်မှု မရှိပါက အရေးပေါ် အခြေအနေ သက်တမ်းတိုးမြှင့် ချမှတ်နိုင်ချေ ရှိသည်ဟု ဂျပန်နိုင်ငံ တာဝန်ရှိသူများက ဆိုသည်။