အစ္စရေး၌ နှစ်ပတ်အတွင်း လူဦးရေ ၉၅၀ဝ၀ဝ ကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
အစ္စရေးအစိုးရသည် နိုင်ငံ၏ လူဦးရေ ၉၅၀ဝ၀ဝ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဗန်ကောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် စာသင်ကျောင်းများ သီတင်းပတ်နှစ်ပတ် ပိတ်မည်
ထိုင်းနိုင်ငံ၏ မြို့တော်ဗန်ကောက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်လက် ပျံ့နှံ့နေသည့်အတွက် စာသင်ကျောင်းများ၊ အားကစားရုံများနှင့် ဖျော်ဖြေရေးပန်းခြံများ အပါအဝင် မြို့ပေါ်ရှိ ပွဲတော်ကျင်းပရာ နေရာများကို ယာယီပိတ်ထားရန် ဗန်ကောက်မြို့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ အမိန့်ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာရန် ဖြစ်လာနိုင်ကြောင်း ကိုဗစ်-၁၉ ကူးစက်မှု တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဂျပန်ဝန်ကြီးပြော

အိန္ဒိယက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် နှစ်သစ်ကူးကာလအတွင်း အထင်ကရနေရာများ၌ ညမထွက်ရအမိန့် ထုတ်ပြန်မည်

နယူးဒေလီ ဒီဇင်ဘာ ၃၁

အာဂျင်တီးနားနိုင်ငံ၌ AstraZeneca/Oxford ဗိုင်းရပ်စ် ကာကွယ်ဆေး သုံးစွဲခွင့်ပြုလိုက်ပြီ
အာဂျင်တီးနားနိုင်ငံ၌ AstraZeneca/Oxford မှ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒုတိယမြောက် သုံးစွဲခွင့်ပြုလိုက်တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေဟာ ၂၀၂၁ ခုနှစ်မှာလည်း ရင်ဆိုင်ရမယ်လို့ ဂျာမန်ဝန်ကြီးချုပ် သတိပေးပြောဆို
ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ် က ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထိုးနှံပေးနေပေမယ့် ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေဟာ ၂၀၂၁ ခုနှစ် အထိရောက်သွားမှာ ဖြစ်ကြောင်း ဒီနေ့ (ကြာသပတေးနေ့) တွင် ပြောကြားတဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။