ပင်လုံစိတ်ဓာတ် အမွေခံယူ

အသိဉာဏ်ပညာဖြင့် ကာကွယ်စောင့်ရှောက်

ညီအစ်ကိုအရင်းအချာစိတ်

တစ်ယောက်မှစတစ်ရာ ညီညွတ်မှ ...

ပြည်ထောင်စုစိတ်ဓာတ် နိုးကြားရှင်သန်

၂၂ ဇန်နဝါရီ

ပြည်သူလူထုနှင့် မပြတ်ထိတွေ့ ပြည်သူလူထု၏ အသံကို နားထောင်
အစိုးရနှင့် ပြည်သူဟူသည် နိုင်ငံတော်၏ အစိတ်အပိုင်းနှစ်ရပ် ဖြစ်သည်။ နိုင်ငံတော်ဟု ဆိုသည်နှင့် ပိုင်နက်နယ်မြေရှိခြင်း၊ ၎င်းပိုင်နက်နယ်မြေအတွင်းနေထိုင်ကြသည့် ပြည်သူများရှိခြင်း၊ စနစ်တကျဖွဲ့စည်းအုပ်ချုပ်သည့် အစိုးရရှိခြင်းနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခြင်းဟူသော အင်္ဂါလေးရပ်နှင့်ပြည့်စုံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုခဲ့ပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံမှသာ နိုင်ငံတော်ဟု ခေါ်ထိုက်သည်ဟူ၏။