ထိုင်ဝမ်ပြောင်းဖူး အနုများ အခင်းပြတ် အရောင်းအဝယ်ဖြစ်
မန္တလေးမြို့၊ အမရပူရမြို့နယ်တွင် ထိုင်ဝမ်ပြောင်းဖူးများကို တွင်ကျယ်စွာ စိုက်ပျိုးရောင်းချလျက် ရှိရာ လက်ရှိကာလ ထိုင်ဝမ်ပြောင်းဖူး အနုများ အခင်းပြတ်ဝယ်ယူမှု များပြားလာသည့်အတွက် ထိုင်ဝမ်ပြောင်းစိုက်သူများ အဆင်ပြေလျက်ရှိသည်။





