မြစိမ်းရောင်ချေးငွေဖြင့် သိုး၊ ဆိတ်နှင့် ဝက် မွေးမြူခြင်းလုပ်ငန်းများ အောင်မြင်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကိုးတောင်ကန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ချေးငွေဖြင့် မွေးမြူသော သိုး၊ ဆိတ်နှင့် ဝက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရသဖြင့် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းထံမှ သိရသည်။