နေ့စဉ်မိုးလေဝသသတင်း
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
အောက်မှာဖော်ပြထားတာကတော့ မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၇)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် ထုတ်ပြန်ချက်
မြစ်ရေခန့်မှန်းချက်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၇.၈.၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေ ခန့်မှန်းချက်
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၁)ပေခန့် စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေ
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ပခုက္ကူမြို့တွင် (၂)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်