၂၀၂၂ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ သြဂုတ်လ (၃၁)ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း (၄)ရက်နေ့မှ တော်သလင်းလဆန်း (၆)ရက်နေ့) အထိ ဖြစ်ပါသည်။
ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်

မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်
နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်။
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

မြစ်ရေခန့်မှန်းချက်

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ  မကွေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။