ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၂၁/၂၀၂၂)
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အာစန်နီ (Asani)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ ကာကီနာဒါမြို့(Kakinada)၏ အနောက်တောင်ဘက် ရေမိုင်(၇၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ အနောက် တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အနောက်တောင် ဘက် ရေမိုင်(၂၇၅) မိုင်ခန့်၊ ပူရီမြို့(Puri)၏ အနောက်တောင်ဘက် ရေမိုင် (၃၄၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun)၏ အနောက်ဘက် ရေမိုင်(၇၄၅)မိုင်ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်ဘက် ရေမိုင်(၇၆၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။








