ရွှေဘို၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဇူလိုင် ၁၆ ရက် ညပိုင်းက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ လူတစ်ဦးသေဆုံးပြီး၊ လေးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ရွှေဘို၌ စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဇူလိုင် ၁၆ ရက် ညပိုင်းက စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား၍ လူတစ်ဦး စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သေဆုံးမှု သတိပြု

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူ(၁)ဦးကို ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၅ ရက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဇော်မျိုးလတ်(ခ)ဘချစ်(ခ)  ဘခက် နှင့် မဝင်းရတီဖြိုး(ခ)ဖြိုးလေး တို့(၂)ဦးကို (၉၇)ရပ်ကွက်၊ ဒဂုံသီရိလမ်းမပေါ်၌ CANDA CZI 125 အမျိုးအစား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါဆိုင်ကယ်အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၊ နေ့ရက်မမှတ်မိနေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၉၃)ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ ကုလားဝဲတံတား အဆင်းလမ်းဘေးမှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးခဲ့သည်။
ဒဂုံမြို့နယ်၊ လမ်းမတော်ဘူတာ၌ ကေဘယ်ကြိုးများ ခိုးယူသူများကို ဖမ်းဆီးရမိ
ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၈  ရက်နေ့ က ဒဂုံမြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် လမ်းမတော်ဘူတာအနီး၌ မသင်္ကာသူ နေဝင်းသူ နှင့် ဇော်ဖြိုး(ခ) ကရင်လေး တို့(၂)ဦးကို ပြည်လမ်းအရှေ့ရပ်ကွက်၊ သံဖြတ်လွှတစ်ချောင်း၊ မြေအောက်ကေဘယ်ကြိုးများထည့်ထားသည့် ပီနံအိတ် (၁)လုံးတို့နှင့်အတူ တွေ့ရှိစစ်ဆေးရာ လမ်းမတော်ဘူတာတွင်ပုံထားသော ကေဘယ်ကြိုးများကို ခိုးယူ ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုဖွင့်အရေးယူခဲ့သည်။
ဘားအံမြို့နယ်တွင် လူသတ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူ

ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ငွေကျပ်သိန်းပေါင်း ၂၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီခွဲက ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ လိန်းလီတံတားတွင် ..............