ဖယ်ခုံ၊ ဟိုပုံးနှင့် လောက်ကိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဇွန် ၄ ရက် ညနေ ၆ နာရီတွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာအုပ်စု၊ ခေါင်းအီရွာသစ်ကျေးရွာ၏အရှေ့ဘက်ရှိကားလမ်းတွင် ကျော်သန်း မောင်းနှင်ပြီး ၎င်း၏ဇနီး မဝင်းနု လိုက်ပါလာသည့် MARK II အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း။
ဆီဆိုင်မြို့နယ်တွင် စက်သုံးဆီသိုလှောင်ကန် အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွား 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ နယ်မြေ(၈)ရှိ ရွှေညောင်ပင်စက်သုံးဆီအရောင်းဆိုင်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက စက်သုံးဆီသိုလှောင်ကန်အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၃ ရက်  ညနေ ၃ နာရီတွင် သတင်းအရ တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် လက်နက်ခဲယမ်းများ၊ စိတ်ကြွရူးသွပ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရှိရသည်။
အောင်မြေသာစံမြို့နယ်၌ မီးလောင်မှုဖြစ် Level-2 အဆင့် ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရ
ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၂ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် Level-2 အဆင့် ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ
မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား ၆ ဦး ဒဏ်ရာရ
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းတွင် ဇွန် ၄ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွား အကြမ်းဖက်အဖွဲ့မှ အလောင်းနှစ်လောင်း၊ သေနတ်နှစ်လက် သိမ်းဆည်းရမိပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိ

ဖားကန့်၊ လွိုင်ကော်၊ ခါမ်းပါတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ