ကော့သောင်းမြို့နယ် ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး လိုက်လံရောင်းချနေသည့် လှေတစ်စင်း ဖမ်းဆီးရမိ
ကော့သောင်းမြို့နယ်၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းလှေများပေါ်မှ ရေလုပ်သားများအား မူးယစ်ဆေးဝါး လိုက်လံ ရောင်းချနေသည့် လှေတစ်စင်းနှင့်အတူ အမျိုးသားတစ်ဦးအား ယမန်နေ့ညနေပိုင်းက မြန်မာ့တပ်မတော်(ရေ) ကမ်းခြေစောင့်တိုက်ရေယာဉ်မှ မြန်မာ့ပင်လယ်ပြင်အတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။







